ရောဂါဝေဒနာခံစားနေရသော မသန္တာအေးကို ကူညီကာဖေးမကြပါအုန်း

မသန္တာအေးက မန္တလေးမြို့ပုသိမ်ကြီးမြို့နယ် ရေတံခွန် တောင်ခြေက ရွာတစ်ရွာမှာနေပါတယ်။သူမက ပန်းရံလုပ် ခင်ပွ န်းဖြစ်သူက လက်သမားလုပ်ပြီး သားသမီးနှစ်ယောက် ကို ပြုစုလုပ်ကျွေးနေသူတွေပါ။ ဒီကြားထဲ ၁၀နှစ်အရွှယ်သမီး လေးက နှလုံးရောဂါရှိနေတော့ သမီးလေးဆေးဖိုးအတွက်ပါ ရှာရတော့ ဒုက္ခပိုရောက် တာေ ပါ့။ ကံဆိုးခြင်းဟာ အဖော် အပေါင်းနဲ့လာတယ်ဆိုတာ မသန္တာအေးအတွက်တော့အရမ်း မှန်ပါတယ်။ တစ်နေ့ သူငယ်ချင်းရဲ့ဆိုင်ကယ်နောက်ကနေ လိုက်စီးယင်း ရေတံခွန်တောင်အဆင်းမှာ ဆိုင်ကယ်ကအရှိန် မထိန်းနိုင်ပဲ မှောက်ပါတယ်။ကံဆိုးချင်တော့ မသန္တာအေး ဆိုင်ကယ်ပေါ်ကပြုတ်ကျပြီး ခါးရိုးကျိုးသွားခဲ့ပါတယ်။

အခု ကုတင်၅၀၀ အရိုးဆေးရုံ ခါးရိုးကုသဆောင်မှာ ကုသနေရပါ တယ်။အရိုးဆေးရုံကြီးက အခမဲ့ကုသပေးပေမယ့် ခါးရိုးမှာ ထည့်ရမယ့် စတီးချောင်းက ကုမ္ပဏီကဝယ်ယူရမှာဖြစ်ပြီး တန်ဖိုးငွေ ကျပ်၁၅သိန်းကုန်ကျမှာ ဖြစ်ပါတယ်။ မသန္တာအေး ခင်ပွန်းသည်က ချေးထားတာက သုံးသိန်းကျပ်နဲ့အစ်မတွေ က ကူညီပေးတဲ့နှစ်သိန်းကျပ် စုစုပေါင်း ၅သိန်း ပဲရှိရှာပါတယ်။ ဒါကြောင့် နောက်ထပ် ၁၀သိန်းကျပ် လိုအပ်နေပါသေးတယ်။ အချိန်မှီမခွဲစိတ်နိုင်ယင် ဒုက္ခိတဘဝနဲ့တစ်သက်လုံးနေသွား ရမှာကြောင့် မသန္တာအေးခင်ဗျာ ဝမ်းနည်းပြီး ငိုကြွေးနေရှာပါ တယ်။ မသန္တာအေး ဒုက္ခိတဘဝမရောက်ဖို့ ကူညီပေးကြပါ

ဦး ခင်ဗျာ 🙁

ONETOONE ပြည်သူ့ကူညီရေးအဖွဲ့

ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈

Comments