မှော်နယ်မြေနှင့် ရေမဆေး

သေနတ်နဲ့ ပစ်ခံရပြီဆိုရင် ကိုင်သူက စစ်တပ်ကဖြစ်ဖြစ် ရဲဖက်က ဖြစ်ဖြစ် အပစ်ခံရသူက ပြစ်မှုတစ်ခုခုကို ချိုးဖောက် တယ်လို့ အရင် မှတ်ယူရမည် ။ အရင်က ခန္တီးနယ် မကျန်ခ/နောင်စီဘွန်မှာလည်း ဖြစ်ခဲ့ဘူးသလို အခုလည်း မနေ့ည ညနေပိုင်းမှာ လုံးခင်းအုပ်စု ဆန်ခါ ရွာဖက်က ကုမ္ပဏီတစ်ခုမှာ ဖြစ်ခဲ့ပြန်တယ် ။ ဖြစ်လိုက်တဲ့ ပြဿာနာက သတ်မှတ်ချိန်မဟုတ်ပဲ လုပ်ကွက်ထဲကို အတ င်းဝင်ရောက်ဖို့ ကြိုးစားမိလို့… တာဝန်ကျ ရဲသားက တားပေမဲ့ မနာခံ အကြမ်းဖက် ဖို့ လုပ်တော့ လန့်လို့ သေစေလို တဲ့ စိတ်မပါပဲ ပစ်မိတယ်လို့ ထင်မိပါတယ် ။ ရေမဆေးသမား မှော်နယ်မြေမှာ သူတို့တွေ တစ်ခါ’တစ်ခါ ဘယ်လောက်တောင်မှ ဆိုးဝါးနေတယ် ဆိုတာ လက်တွေ့မှာ မတွေ့ဖူးရင် မယုံနိုင်ဘူး ။

တစ်ခုခု ဖြစ်လိုက်တိုင်း တရာခံ ရှာမရပါဘူး ။ ၂လပိုင်းလောက်က မီးတိုက်ရှို့ခံရဘူးတဲ့ ကုမ္ပဏီဆိုရင်လည်း ခုထိ တရား ခံကို မတွေ့ရပါဘူး ။ မရေမသွက်နိုင်တဲ့ လူအင်အားရှိတာကြောင့် တစ်ခုခုဆို သူတို့ကို ကြောက်နေရတာမို့ ကုမ္ပဏီတွေ တိုင်းကလည်း စစ်သား/ရဲများ တို့ကို လုပ်ကွက်တွင်းမှာ စောင့်ဖို့ အကူအညီယူလို့ ( အခပေး ခေါ် ) ထားရပါတယ် ။

ပြီးတော့ လုပ်ကွက်တစ်ခုဟာ နာမည်ကြီးလာရင် အမြဲရှာနေတဲ့ ရေမဆေးတွေပါမက တစ်ခြားမှော်ဖက်က ရေမဆေးေ တွပါ လာလို့ရှာရပါတယ် ။ ဒီတော့ လူအင်အားက အရမ်းကောင်းတာမို့ တစ်ခုခုဆို ဆွမ်းကြီးပဲ ! စိန်တူဆိုတာ ဘရိတ်မရှိတာမို့ သေနတ်တာ ကိုင်ထားပေမဲ့ အစောင့်တွေကလည်း သူ့တို့ကို လန့်ရတယ် ။ ကြောက်က န်ကန်နဲ့ ပစ်မိတယ်လို့ ယူဆမိပါတယ် ။ဘာကြောင့်ဆို အောက်ကစာက ( မန့်တစ်ခု ) သေဆုံးတဲ့ ရေမဆေးသမားရဲ့ အကို ကိုယ်တိုင်တောင်မှ ရဲသားကို လုံးဝရန်မရှာဖို့ ကာကွယ်လို့ ကျန်သူများကို တောင်းပန်တယ်တဲ့ ။ (( ၂၅-၆-၂၀၁၇ ရေမဆေးသမား သေဆုံးသူ၏ အကိုဖြစ်သူမှာ သူ၏ ညီဖြစ်သူကို ပစ်လိုက်မိသောရဲသားကိုလုံးဝရန် မရှာဖို့ကို ရဲကိုကာထားပြီး တောင်းပန်ရှာတယ်လို့တွေ့ မြင်ခဲ့သူတစ်ဦး ကပြောပါတယ်။

ပြဿနာ ဖြစ်အောင် လုပ်သွားသူတွေက ဖဝါ ကထန်ဖက်ကလာတဲ့အုပ်စု ဘာမဆိုင်သူတွေ က ရဲကိုလာပြီး ဆွမ်းကြီးေ လာင်း ကြတာဖြစ်နိုင်တယ် ။ ကျွန်တော်လည်းနောက် ပိုင်းပြန်လာတော့အကြောင်း စုံမသိတော့ဘူးလို့ပြောပါတယ် အခု ပုံကတော့ သေဆုံးသွားသူအကိုက ရဲကို ကာကွယ်ပေးနေတာပဲလို့ပြောပါတယ်။ )) ကျွန်တော်ကတော့ ပစ်တဲ့ရဲသားကိုပဲ သနားမိသလို သေဆုံးသူအတွက်လည်း များစွာ စိတ်မကောင်းမိပါဘူး ။ ကြားက ကုမ္ပဏီကလည်း ပစ္စည်းများ တန်ဖိုးအလိုက် ဆုံးရှုံးခံရတာ အတွက်လည်း နှမျောမိပါတယ် ။ စက်တစ်စီးရဲ့ တန်ဖိုးက နည်းပါ့မနည်းပဲ ဗျာ… လောဘကြောင့် ဒေါသဖြစ်ရသလို ဒေါသကြောင့် မောဟတွေ ဖုံးလွ မ်းရတယ် ။ အင်းလေ… အဲ့ဒီလုပ်ကွက်ကလည်း ကျောက်ကအရမ်းထွက် လွန်းတာကို ( အပြင်ကိုလေ :p ) ဒါကြောင့် လုပ်ကွက် ထဲကို အရမ်းကို သူများထက်ဦးအောင် ဝင်ရှာခြင်တယ် လေ ဗျာ …။ စွတ်ကျယ်အင်္ကျီနဲ့ ရဲသားနောက်က ကာကွယ်ထားသူက သေဆုံးသူရဲ့ အကိုလို့ ပြောပါတယ် ။

Photo Credit ပေးပါသည် ။

စိန်မြင့်

26.6.2017

Comments