ပဲခူးမြို့နယ် ဘုရားကြီးမြို့မှ အမြန်လမ်းသို့သွားသည့် ရထားသံလမ်း ကူးတံတားမှာ ဘောနတ်ကြီးဘက်မှ လာလျှင် လ က်ယာဘက်ဖွင့် ပိတ်တခါးသည်စံ ခိန်မှီပြုလုပ်ထားသော်လည်း တခါးအားဖွင့်ထားပါက တခါးပြန်မပိတ်ရန်ချည်ထားေ သာ ကြိုးမှာသေးငယ်ပြီး ချိတ်အဖြစ်အသုံးပြုသည့် သံချောင်းမှာလဲသေးငယ်ကာ တံခါး၏အလေးချိန်အား သေချာ စွာ ထိမ်းနိုင်ခြင်းမရှိဘဲ ရံဖန်ရံခါတခါး ချိတ်ပြုတ်ထွက်ပြီးအရှိန်ဖြင့်ပိတ်သွားတတ်သည်ကို ဖြတ်သွားဖြတ်လာလုပ်တိုင်း မြင်တွေ့နေရပါသည်။
၂၈-၆-၂၀၁၇နေ့ညနေ၄နာရီခန့်တွင်ယာဉ်မောင်းသာချိုအသက်၃၃နှစ်(ဘ)ဦးအောင်မြင့် သရက်ကုန်းကျေးရွာေ နသူေ မာင်းနှင်ပြီးအနောက် မှမနော်ဟဲနီခေး အသက်၃၃နှစ်(ဘ)ဦးသိန်းဆွေ လိုက်ပါလာသည့်ယာဉ်အမှတ်၄၈ယ/၆၀၂၀၈ HONDA WASE အပြာရောင်ဆိုင်ကယ်သည် သရက်ကုန်းကျေးရွာမှဘုရားကြီးမြို့သို့မောင်းနှင် လာစဉ် ဘုရားကြီးမြို့ သံလမ်းကူးသို့အရောက် သံလမ်းပိတ်သည့်သံတခါးမှရုတ်တရက်ချိတ် ပြုတ်ပြီး တံခါးပိတ်သွားရာ အရှိန်ဖြင့်မောင်းလာေ သာ သာချိုမောင်းလာသည့်ဆိုင်ကယ်ဖြင့်တိုက်မိသဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ နေရာတွင်သေဆုံးသွားပြီး မနော်ဟဲနီေ ခးမှာ ဒဏ်ရာများရှိသွားသဖြင့် ဘုရားကြီးမြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးမော်တော်ယာဉ်ဖြင့် ဘုရား ကြီးမြို့ဆေးရုံသို့ ပိုဆောင်ပေးခဲ့သည်။ ဖြစ်စဉ်အားယာဉ်ထိန်းဒုရဲအုပ်သီဟအောင်မှတရားလိုပြုလုပ်ပြီးတိုင်တန်းသဖြင့် ဘုရားကြီးနယ်မြေရဲစခန်း တာဝန်မူးဒုရဲ အုပ်စိုးမင်းသူမှယာဉ်မဆင်မခြင်မောင်းနှင်သူသာချိုအားဘုရားကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၄၂/၂၀၁၇ ရာဇသတ်ကြီး ပြစ်မှုဥပဒေ ပုဒ်မ၃၀၄-(က)/၃၃၇ဖြင့်အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။
သီဟရာဇာ(ဘုရားကြီး)
မှုခင်းရှုထောင့်မီဒီယာ
Comments
Post a Comment